Tuesday, January 24, 2012

HUD Color Pickers

HUD (Heads Up Display) Color Picker က Photoshop CS5 မှာ ပါဝင်လာတဲ့ တိုးတက်မှုတွေထဲက တစ်ခုဖြစ်ပါတယ်... အသုံးပြု သူ အတွက်လဲ တော်တော်အသုံးဝင်တဲ့ စနစ်ပုံစံပါပဲ...


Photo from Google
ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင်  ဒီ HUD ဆိုတဲ့နာမည်ကို လေကြောင်းဆိုင်ရာ စစ်ပညာ အသုံးနှုန်းကနေ ယူထားပါတယ်.. အမြန်နှုန်းတို့. ပင်လယ်ရေမျက်နှာပြင် အထက် ဘယ်လောက်တို့. စတဲ့ လေယာဥ်ရဲ့ အချက်အလက်တွေကို ဖော်ပြတဲ့ မောင်းသူရဲ့ ရှေ့က အထူးဖန်သားပြင်ကို ခေါ်တဲ့ နာမည်ပါ.. ဒီလို ရှေ့မှာပေါ်စေတဲ့အတွက် လေယာဥ်မှူးက ရှေ့ကိုအာရုံစိုက် မောင်းနေချိန်မှာပဲ တခြားအချက်အလက်တွေကိုလဲ အလွယ်တကူ စစ်ဆေးနေနိုင်ပါတယ်...

ဒီစိတ်ကူးကို အခြေခံပြီး အလုပ်လုပ်နေတုန်းမှာပဲ toolbar တွေ.. တခြားဘေးက သက်ဆိုင်ကွက်တွေ မလိုပဲ အရောင် အလွယ်တကူ ရွေးလို့ရသွားအောင် လုပ်ပေးထားတဲ့ စနစ်ပါ...

Hue Strip


Hue Strip က အရောင်ရဲ့ ပမာဏကို ကိုယ့်ဘာသာ ရိုက်ထည့်ပြီး အရောင်စပ်တာမျိုး လုပ်လို့မရတာက လွဲလို့  ပုံမှန် Color Picker ကွက်နဲ့ ပုံစံတူပါပဲ... ညာဘက်မှာ အရောင်ရွေးလို့ရမဲ့ ဘား​တန်းရှိမယ်... ဘယ်ဘက်မှာက ညာဘက်ဘား​တန်းက သတ်​မှတ်​လိုက်တဲ့ အရောင်ရဲ့ အနုအရင့်၊ အလင်းအမှောင်​ ​စ​တာ​တွေ​ကို အသေးစိတ်ရွေးလို့ရတဲ့ လေးထောင့်ကွက်ကြီး ရှိမယ်... (Photoshop က Hue Strip ပုံစံကို ပုံသေ သတ်မှတ်ပါတယ်... Hue Ring ပုံစံနဲ့ အသုံးပြု လို့လဲရပြီး အသေးစိတ်ကို အောက်မှာ ဖော်ပြပါမယ်...)

Hue Strip ကို သုံးဖို့ဆိုရင် ပထမ Mixer Brush လို ရေးချယ်တဲ့ tool (Brush Tool) အုပ်စုထဲက တစ်ခုခုကို ရွေးထားရပါမယ်... (ဒီလိုပြောထားပေမဲ့ တခြား tool တော်တော်များများမှာလဲ အလုပ်လုပ်တာ တွေ့ရပါတယ်)... ရွေးပြီးသွားရင် ရွေးမှတ်(Cursor)ကို ပုံပေါ်ရွေ့ပါ...

Command-Alt-Control (Mac OS), Shift-Alt-right-click (Windows) ဖိပြီး ပုံပေါ်မှာ တစ်ချက် ကလစ်ပါ... ကလစ်လုပ်တဲ့ နေရာမှာ အရောင်ပြကွက် ပေါ်လာပါလိမ့်မယ်... Keyboard နှိပ်ထားတာကို လွှတ်လိုက်လို့ ရပါပြီ... Mouse ကိုတော့ဆက်နှိပ်ထားပါ... ဒါဆိုရင် လိုချင်တဲ့ အရောင်ရွေးဖို့ အဆင်သင့် အနေအထားပါ...

ညာဘက် ဘား​တန်းကနေ အရောင်ကို အရင်ရွေးရပါမယ်... Mouse ကို နှိပ်ရက်အနေအထားနဲ့ ရွေးမှတ်ကို ညာဘက်​ ဘား​တန်းပေါ် ရွှေ့ပါ... ရွေးမှတ်လေး ဘား​တန်းပေါ် ရောက်တာနဲ့ အရောင်သတ်​မှတ်​ေန​ရာ​ကို​ ​ြပတဲ့ အဝိုင်းကွက်က ရွေးမှတ်နေရာကို ရွေ့လာပါလိမ့်မယ်... ဘား​တန်းပေါ်မှာ လိုချင်တဲ့ အရောင် သတ်မှတ်ပြီးရင် ရွေးမှတ်ကို ဘယ်ဘက်က လေးထောင့်ကွက်ထဲ ရွှေ့ပါ... ရွေးထားတဲ့ အရောင်ရဲ့ အနုအရင့်၊ အလင်းအမှောင်ကို ကိုယ့်​စိတ်​ြကိုက်​ သတ်မှတ်ပြီးရင်​ေတာ့ Mouse ကို လွှတ်လို့ ရပါပြီ...

တကယ်လို့ အနုအရင့်၊ အလင်းအမှောင် ရွေးပြီးချိန်မှ အဲဒါကို ထိမ်းထားပြီး  မူလသတ်မှတ်ထားတဲ့ အရောင်ကို ပြန်ပြီး အပြောင်းအလဲ လုပ်ချင်ရင်လဲ ရပါတယ်... Mouse ကို နှိပ်ရက်အနေအထားမှာပဲ Keyboard Space Bar ကို ဖိပါ... ရွေးမှတ်ကို ​ေဘး​ကဘား​တန်းပေါ် ပြန်ရွှေ့ချိန်မှာ လေးထောင့်ကွက်ထဲက အရောင်ရွေးတဲ့ အဝိုင်းကွက်က ရွေးမှတ်နဲ့အတူ လိုက်မရွေ့တော့ပဲ ကျန်ခဲ့ပါလိမ့်မယ်...​ ဘား​တန်းပေါ် ရောက်ရင် Space Bar ကို လွှတ်လို့ရပါပြီ... ဒီလိုမျိုး အသွားအပြန် အကြိမ်အကန့်သတ်မရှိ လုပ်နိုင်ပါတယ်...

စိတ်တိုင်းကျ ရွေးပြီးရင်တော့ Mouse ကို လွှတ်လိုက်တာနဲ့ အလုပ်ဆက်လုပ်ရုံပါပဲ...


Hue Ring


အရောင်ရွေးတဲ့ အမြှောင်းကို စက်ဝိုင်းပုံစံနဲ့လဲ HUD ကို သုံးနိုင်ပါတယ်... အသုံးပြုပုံ အဆင့်ဆင့် အားလုံးတူပေမဲ့ စက်ဝိုင်းပုံစံ အနေအထားက အရောင်ပြတဲ့ ဧရိယာ ပိုကျယ်ပြန့်တာမို့ အသေးစိတ်ရွေးလို့ ပိုကောင်းပါတယ်... Photoshop က ပုံသေသတ်မှတ်တဲ့ Hue Strip အစား Hue Ring ကို ပြောင်းသုံးချင်ရင်တော့ Preferences ကိုဖွင့်ပြီး (Command-K (Mac OS), Control-K (Windows)) HUD Color Picker အောက်က Hue Ring ကို ရွေးပါ... အကြီးအသေး အရွယ်အစားကိုလဲ ရွေးလို့ရပါတယ်...

HUD ကို သုံးတာ အသားကျလာတာနဲ့ အမျှ အချိန်မြန်လာတဲ့ အပြင်၊ အရောင်ရဲ့ ပမာဏကို ကိုယ့်ဘာသာ ရိုက်ထည့်ပြီး အရောင်စပ်တာမျိုး လုပ်ဖို့ လိုအပ်ချိန်ကလွဲပြီး Color Picker အဟောင်းတွေကို သုံးဖို့ လိုတော့မှာမဟုတ်ပါဘူး..


About the author

Dan Moughamian is an experienced photographer and educator, and has worked with Adobe Photoshop since the early 1990s. He also has extensive experience with Photoshop Lightroom, Photoshop Elements, plugins from Nik software, and many other digital imaging products. As a long-time member of their testing programs, Dan has collaborated with Adobe Systems to help enhance many of the core functions in Photoshop, Lightroom, and Elements. As an educator, Dan's focus is to help photographers at all levels get the most from their digital workflows. Tips on raw editing, layer masking, alpha channels, image adjustments, HDR photography, focus and lighting effects, and perspective correction, are just a few examples of the topics he covers. To learn more, you can visit Colortrails.com

No comments:

Post a Comment